Pragmatic Enterprise Architecture for Digital Government သင်တန်းဖွင့်ပွဲ အခမ်းအနား


သတင်းများ Training Center

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Pragmatic Enterprise Architecture for Digital Government သင်တန်းဖွင့်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး  ဒေါ်နှင်းခိုင်အေးနှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း  ၂၅  ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

Pragmatic Enterprise Architecture for Digital Government သင်တန်းသည် ဒီဂျစ်တယ်အစိုးရ တည်ဆောက်ရေးတွင် နည်းပညာစီမံကိန်းများကို ညီညွတ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Whole-of-Governmant Approach ကို အကောင်အထည်ဖော်နိုင်စေရန်၊ မူဘောင်တစ်ခုရေးဆွဲရာတွင် အဓိကကျသည့် Business ၊ Data ၊ Application နှင့် Technology အဆင့်အလိုက် Work Packages များ ချိတ်ဆက် ဆောင်ရွက် တတ်စေရန်နှင့် Big Data နှင့် EA ကို ပေါင်းစပ်၍ Capability-based EA Framework တစ်ခု တည်ဆောက် သွားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Pragmatic Enterprise Architecture for Digital Government သင်တန်းသည် ၂-၂-၂၀၂၆ ရက်နေ့မှ      ၅-၂-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။