


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း AI-Powered Personal Growth (Online) သင်တန်း၊ Microsoft Office Word 2019 သင်တန်းနှင့် Python Programming Essentials သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် ၂၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီစိုးရင်၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၁၀၄ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။ သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများချီးမြှင့်ပြီး Online မှ တက်ရောက်သော သင်တန်းသား/ သင်တန်းသူများအားလည်း ဆုများ အသီးသီးကြေညာကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။