ဒုတိယဝန်ကြီး ဦးလူမွန်၊   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနက ဖွင့်လှစ်သည့် သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား


Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အရေးပါသော နိုင်ငံ့ဝန်ထမ်းများ၏ နည်းပညာကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုအဆင့်  အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ CIO/ ACIO များနှင့် IT ပညာရှင်များအတွက်   Effective Digital Service Management and IT Governance သင်တန်း၊  e-Government လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများအတွက် IT Infra Design and Planning သင်တန်း၊ Windows Server Administration – II သင်တန်းနှင့် Advanced Excel သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ၈.၁.၂၀၂၅ ရက်နေ့တွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလူမွန် တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ပါသည်။

အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် ဌာနတာဝန်ခံများ၊ သင်တန်းဆရာ ဆရာမများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ အသီးသီးမှ CIO/ACIO သင်တန်းသားများ၊ e-Government စီမံကိန်းများတွင် တာဝန်ယူဆောင်ရွက်နေသည့် သင်တန်းသား သင်တန်းသူ ၁၀၈ ဦး တက်ရောက်ကြောင်း သိရပါသည်။

သင်တန်းကျောင်း