Effective Digital Service Management and IT Governance ၊ IT Infra Design and Planning ၊ Windows Server Administration II နှင့် Advanced Excel သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား


သတင်းများ Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Effective Digital Service Management and IT Governance ၊ IT Infra Design and Planning ၊ Windows Server Administration II နှင့် Advanced Excel သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးဆန်းဝင်းထွန်း ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) က  ဒီကနေ့ဖွင့်လှစ်ခဲ့သည့်သင်တန်းများသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများ၏ နည်းပညာကျွမ်းကျင်မှုနှင့် စွမ်း‌ဆောင်ရည် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း၊ Digital Transformation ကူးပြောင်းရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ Innovative Idea ပိုမိုရရှိလာနိုင်စေရန် အဓိကကျလာပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  Effective Digital Service Management and IT Governance သင်တန်း သည် ဒစ်ဂျစ်တယ်နည်းပညာများနှင့် အိုင်တီစနစ်များ အသုံးပြုရာတွင် IT အုပ်ချုပ်မှု ၊ ဝန်‌ဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီစွာလုပ်ဆောင်နိုင်စေရန် အတွက် ITIL ၊ COBIT  နှင့် ISO/IEC 20000 စသည့် Framework များကို နားလည်သဘောပေါက် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

IT Infra Design and Planning သင်တန်းအား Business Requirement နှင့် ကိုက်ညီသည့် အိုင်တီအခြေခံ အဆောက်အဦနှင့် ပတ်သက်၍ ဒီဇိုင်းများ ရေးဆွဲတတ်စေရန် Hardware ၊ Software ၊ ကွန်ရက်အရင်းအမြစ်များ၊ ဒေတာစင်တာများ၊ Cloud ဝန်ဆောင်မှုများနှင့် ဆိုက်ဘာလုံခြုံရေး အပါအဝင် IT အခြေခံ အဆောက်အဦ တည်ဆောက်မည့် လိုအပ်ချက်များ၊ ကုန်ကျစရိတ်များ အား ဒီဇိုင်းရေးဆွဲနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်မည့်အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး Windows Server Administration II သင်တန်းသည် Windows Server များတည်ဆောက်ပြီး Advanced Features များအသုံးပြုနိုင်စေရန်နှင့် Windows Server  ကိုလုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည့် နည်းလမ်းများသိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် Advanced Excel သင်တန်းသည် ရုံးလုပ်ငန်းများတွင် Data Analysis များ ၊ Data Virtualization များပြုလုပ်နိုင်ရန်နှင့် Pivot Table များအသုံးပြု၍ အစီရင်ခံစာများ ၊ များပြားသော ဒေတာများကို စနစ်တကျ စီမံ‌ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Effective Digital Service Management and IT Governance သင်တန်းသည် ၁၆-၁၂-၂၀၂၄ ရက်နေ့မှ ၁၈-၁၂-၂၀၂၄ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး IT Infra Design and Planning ၊ Windows Server Administration II နှင့် Advanced Excel သင်တန်းများသည် ၁၆-၁၂-၂၀၂၄ ရက်နေ့ မှ ၃-၁-၂၀၂၅ ရက်နေ့ အထိ ၃ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။