ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း AI Governance and Digital Ethic ၊ IT Service Management ၊ IT Infra Design and Planning နှင့် Advanced Excel သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးဆန်းဝင်းထွန်း ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၁၀၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Artificial Intelligence (AI) နည်းပညာ သည် အနာဂတ်ကို ဖန်တီးနိုင်စေမည့် ထိပ်ဆုံးအခန်းကဏ္ဍသို့ ရောက်ရှိနေပြီဖြစ်ပြီး နယ်ပယ်အသီးသီးတွင် AI သည် အရေးပါလာကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် AI နည်းပညာ ကို စီးပွားရေး၊ လူမှုဘဝနှင့် နည်းပညာဖွံ့ဖြိုးမှုအတွက် အကောင်အထည်ဖော်နေပြီး AI အသုံးချမှုများတွင် အောင်မြင်မှုများကိုလည်း တွေ့ရှိနေရပြီ ဖြစ်ကြောင်း နှင့် အစိုးရလုပ်ငန်း ဆောင်တာများတွင် AI ပေါင်းစည်းနိုင်မည့် အခြေအနေများ၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် AI Governance and Digital Ethic သင်တန်းအား ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတကာတွင်အသုံးပြုနေတဲ့ IT Service Management Framework များ၏ အဓိကအရေးပါသည့် Process များအကြောင်း၊ IT Service Management ၏ Best Practices များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် People ၊ Process ၊ Technology ၊ Partner နှင့် ပတ်သတ်သည့် လုပ်ငန်းစဉ်များကို လေ့လာနိုင်ရန်အတွက် IT Service Management သင်တန်းအား ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး IT Infra Design and Planning သင်တန်းအား Business Requirement နှင့် ကိုက်ညီသည့် အိုင်တီအခြေခံ အဆောက်အဦနှင့် ပတ်သက်၍ ဒီဇိုင်းများ ရေးဆွဲတတ်စေရန် Hardware ၊ Software ၊ ကွန်ရက်အရင်းအမြစ်များ၊ ဒေတာစင်တာများ၊ Cloud ဝန်ဆောင်မှုများနှင့် ဆိုက်ဘာလုံခြုံရေး အပါအဝင် IT အခြေခံ အဆောက်အဦ တည်ဆောက်မည့် လိုအပ်ချက်များ၊ ကုန်ကျစရိတ်များ အား ဒီဇိုင်းရေးဆွဲနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်မည့်အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရုံးလုပ်ငန်းများတွင် Microsoft Office Excel ကို အသုံးပြုပြီး များပြားရှုပ်ထွေးသော ဒေတာများအား တွက်ချက်မှုတွေကို လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခြင်း၊ Data Analysis များပြုလုပ်နိုင်ခြင်း၊ Data Virtualization ၊ Dashboard များဖန်တီးနိုင်ပြီး အစီရင်ခံစာများအတွက် Visualization များပြုလုပ်နိုင်ခြင်း စသည့် ကျွမ်းကျင်မှုများကို ရရှိစေရန် Advanced Excel သင်တန်းအား သင်ကြားပို့ချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
AI Governance and Digital Ethic သင်တန်းနှင့် IT Service Management သင်တန်းများသည် ၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၂၂-၁၁-၂၀၂၄ ရက်နေ့အထိ ၁ ပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး IT Infra Design and Planning သင်တန်းနှင့် Advanced Excel သင်တန်းများသည် ၁၈-၁၁-၂၀၁၄ ရက်နေ့မှ ၆-၁၂-၂၀၂၄ ရက်နေ့အထိ ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။