Advanced Networking II ၊ VMware vSphere Administration နှင့် MySQL Database (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား


သတင်းများ Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Advanced Networking II (၀၂၀၇/၀၁/၂၄-၂၅) သင်တန်း၊ VMware vSphere Administration (၀၄၀၅/၀၂/၂၄-၂၅) သင်တန်း နှင့် MySQL Database (Online) (၀၃၀၄/၀၂/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို သြဂုတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးဆန်းဝင်းထွန်း က ဒီကနေ့ ဖွင့်လှစ်ခဲ့သည့် Advanced Networking II သင်တန်းသည် ကွန်ရက်အတွင်းရှိ ဒေတာစီးဆင်းမှု လုံခြုံရေးကို မြှင့်တင်ပေးသည့်နည်းလမ်းများ၊ ကွန်ရက်အတွင်း Public IPv4 Address မလုံလောက်မှုအပေါ် စီမံခန့်ခွဲသည့် နည်းလမ်းများ၊ ဆာဗာအများအပြားဆီသို့ ကွန်ရက်အသွားအလာကို Load ညီမျှသည့် Loadbalancing နည်းလမ်းများ၊ လုံခြုံသည့်ကွန်ရက် ဆက်သွယ်တည်ဆောက်သည့် IPsec VPN နည်းပညာ၊ နက်ဝက်လုံခြုံရေး အတွက် Monitoring ပြုလုပ်သည့်နည်းလမ်းများနှင့် Network အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်သည့် VMware vSphere Administration သင်တန်းသည် VMware Virtualization နည်းပညာကို အသုံးပြုထားသည့် အဖွဲ့အစည်းများတွင် VMware ၏ feature များဖြစ်သည့် vCenter Server High Availability (HA)Distributed Resource Scheduler (DRS) vMotion စသည့် အဆင့်မြင့်နည်းပညာအကြောင်းအရာများ သိရှိလာပြီး ဝန်ကြီးဌာနများရှိ Datacenter များတွင် Virtualization စနစ်ကို စီမံခန့်ခွဲလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း  ဖြစ်ကြောင်း သိရှိရပါသည်။

Online မှ တဆင့်ဖွင့်လှစ်ပို့ချသည့် MySQL Database သင်တန်းသည် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး  ဒေတာအချက်အလက်များကို စနစ်တကျ သိမ်းဆည်းနိုင်ပြီး ဒေတာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ဒေတာနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ဒေတာလုံခြုံရေး အတွက် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း  ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

Advanced Networking II နှင့် VMware vSphere Administration သင်တန်းများသည် ၂၆-၈-၂၀၂၄ ရက်နေ့မှ ၁၃-၉-၂၀၂၄ ရက်နေ့အထိ ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပြီး MySQL Database (Online) သင်တန်းသည် ၂၆-၈-၂၀၂၄ ရက်နေ့မှ ၆-၉-၂၀၂၄ ရက်နေ့အထိ ၂ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရ အဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။