၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်တွင် Panelist အဖြစ် ပါဝင်ဆွေးနွေးမှုပြုလုပ်ခြင်း


ITCSD News

“လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်အခမ်းအနားကို သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဖျော်ဖြေရေး အစီအစဥ်များ တင်ဆက်ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ယင်းနောက် လူငယ်ကဏ္ဍဘက်စုံဖွဲ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို Agenda 2030 အလွန် ၂၀၄၀ ပြည့်နှစ်အထိ မျှော်တွေကာ ဆွေးနွေးဖော်ထုတ်သွားမည့်ဖြစ်သည့် Panel Session သုံးခုအား သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် Panel 1 အဖြစ် “ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ပြောင်းလဲဆန်းသစ်ခြင်းကဏ္ဍ” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Panel 2 အဖြစ် “လူမှု-ယဥ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Panel 3 အဖြစ် “စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ” ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

Panel 1: “ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့်ပြောင်းလဲဆန်းသစ်ခြင်းကဏ္ဍ” ခေါင်းစဥ်ဖြင့် မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုများ သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် နယ်ပယ်ကဏ္ဍစုံတွင် ထိရောက်စွာ အသုံးချလျက်ရှိသည့် အဓိက သော့ချက်တစ်ခုဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက် အချိုးကျလျက်ရှိခြင်းတို့နှင့် စပ်လျဥ်း၍ လည်းကောင်း၊ မြန်မာလူငယ်များအနေဖြင့် လာမည့် ဆယ်စုနှစ်များတွင် မိမိနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် ကိစ္စရပ် များကို ဖော်ထုတ်ရာတွင် အဓိကကျပြီး လူငယ်များ၏ နေ့စဥ်လူမှုဘဝဖြတ်သန်းမှုများတွင် ပုံစံအမျိုးမျိုးဖြင့် ဆက်စပ်နေသော ကဏ္ဍများနှင့် စပ်လျဥ်း၍ လည်းကောင်း၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုလုပ်ငန်းစဥ်၏ အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် ဉာဏ်ရည်တု AI နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ဗဟုသုတများ၊ ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များ၊ လုပ်ဆောင်နိုင်စွမ်း နယ်ပယ်များနှင့် စိန်ခေါ်မှုများ၊ ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ နည်းပညာတိုးတက်လာမှုနှင့် ပတ်သက်၍ ကောင်းကျိုး/ဆိုးကျိုးများ၊ ဒေတာ အချက်အလက်များ၏ လုံခြုံရေးဆိုင်ရာ အချက်အလက်များ၊ လူငယ်များဘဝကို တိုးတက်‌ပြောင်းလဲစေရန် အသုံးချနိုင်မည့် နည်းပညာ စွမ်းအားများနှင့် စပ်လျဥ်း၍ လည်းကောင်း၊ နေ့စဥ်လုပ်ငန်းခွင်တွင် AI နည်းပညာ အသုံးဝင်မှုနှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ ကျေးလက်နေ လူငယ်များ၏ လူနေမှုဘဝများ တိုးတက် ကောင်းမွန်စေရန်နှင့် ပတ်သက်သည့် နည်းပညာများနှင့် စပ်လျဥ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြ ပါသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်စဉ်

အဆိုပါ Panel 1 ဆွေးနွေးမှုတွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ ဒေါ်သဉ္ဇာမေဖူးဝေသည် Panelist အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး “The trust of AI” နှင့် ပတ်သတ်သည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

သင်တန်း‌ကျောင်း